Translate

ပရိတ်သူငယ်တော်ယေဇူးထံ တန်ခိုးကြီးလှသော ဆုတောင်းမေတ္တာ

အို ပရိတ်သူငယ်တော်ယေဇူး၊ သူငယ်တော်၏ မယ်တော်အားဖြင့် ကျွန်ုပ်ကို ကူညီမစခြင်း ပေးသနားတော်မူပါ။ ဆုလာဒ်ကိုလည်း သူငယ်တော်မြတ် ကျွန်ုပ်အား ပေးသနားတော်မူမည်ဟု လုံးလုံးကြီး အားထားယုံကြည်ပါသည်။ ကျေးဇူးတော်များလည်း ပေးသနားတော်မူမည်ဟု မျှော်လင့်ပါသည်။ ချစ်လှစွာသော ယေဇူးကို စိတ်အားရှိသမျှ နှလုံးအကြွင်းမဲ့ ချစ်ပါသည်။ သူငယ်တော်ကိုလည်း ပြစ်မှားခြင်း ပြုခဲ့သည့်အတွက် အလွန်ဝမ်းနည်းသဖြင့် နာကျင်ခြင်းစွဲပါသည်။ သူငယ်တော်၏ ကျေးဇူးတော်အားဖြင့် သူငယ်တော်ကို မည်သည့်အခါမျှ ထိခိုက်ခြင်း မပြုတော့ပါ။ အပြစ်များကို ကြဉ်ရှောင်နိုင်စေရန် ဆုကျေးဇူးတော်ကို ပေးသနားတော်မူပါ။ ထို့ကြောင့် သူငယ်တော်ကို ချစ်သကဲ့သို့ မိမိနှင့်နီးစပ်သောသူကိုလည်း ချစ်ပါမည်။ အလုံးစုံကို တတ်နိုင်တော်မူ ထသော သူငယ်တော်မြတ် တဖန်ကျွန်ုပ်၏ တောင်းဆိုချက်ကို ပေးသနား တော်မူပါ။

(လိုလားသော အချက်ကို ဖော်ပြပါ။)

အစဉ်သီလနှင့် ပြည့်စုံတော်မူသော မယ်တော်၊ မွန်မြတ်သောဇူဇယ်နှင့် အတူတကွ၊ ယေဇူးသူငယ်တော်နှင့် ကောင်းကင်ဘုံ သိကြား ရဟန္တာအပေါင်း တို့နှင့် အတူ ကျွန်ုပ်ရှိခိုးထောပနာအမြဲပြုနိုင်စေရန် အတွက်၊ ကျေးဇူးတော်ကို ပေးသနားတော်မူပါ။ အာမင်။